ပဋိပက္ခကြောင့် အထိနာနေတဲ့မြန်မာနိုင်ငံကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပထမဆုံးအကြိမ်လာရောက်

သြဂုတ် ၁၆၊ The Nation Voice

တနင်္လာနေ့ သြဂုတ် ၁၅ ရက်မှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထွက်ခွာခဲ့တယ်လို့ အေပီသတင်းအေဂျင်စီကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှာ နိုလင်း ဟေဇာကို တာဝန်ပေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး အကြမ်းဖက်မှုပုံစံအားလုံးချက်ချင်းရပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိဝင်ရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီးနောက်ပိုင်း ခရီးစဉ်ဖြစ်လာတာလည်းဖြစ်ပါတယ်။

“ဟေဇာ အခြေအနေဆိုးလာတာ၊ ချက်ချင်းစိုးရိမ်ရတာတွေနဲ့ သူ့လုပ်ပိုင်ခွင့်ထဲမှာ အရေးကြီးတဲ့အပိုင်းတွေကို ထုတ်ပြောဖို့ အာရုံစိုက်သွားမှာဖြစ်ပါတယ်”လို့ ကုလသမဂ္ဂပြောခွင့်ရသူ စတီဖန် ဒျူရှာရစ်ကပြောပါတယ်။ ကုလသမဂ္ဂရဲ့ကာလရှည်တောင်းဆိုချက်ဖြစ်တဲ့ ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ဟေဇာတွေ့ဆုံဖို့ရှိ၊မရှိနဲ့ပတ်သက်ပြီး ဒျူရှာရစ်က အသေးစိတ်မပြောပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့အစောပိုင်းမှာ အကျင့်ပျက်ခြစားမှုစွဲချက်တွေအတွက် အပြစ်ရှိကြောင်း စစ်တပ်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အစောပိုင်းမှာ ကျခံရဖို့ရှိနေတဲ့ထောင်ဒဏ်(၁၁)နှစ်ကို နောက်ထပ် ၆ နှစ်ထပ်တိုးလိုက်ပါတယ်။

Source – AP Photo – AP

Leave a Reply

Your email address will not be published. Required fields are marked *