အင်းတော် – နဘား တန်ပိုဂိတ်ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတွေကိုလည်း ထိန်းသိမ်း

သြဂုတ် ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီထံကို ဝင်ငွေစီးဆင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် နဘားတန်ပိုဂိတ်ကို KIA၊ PDFပူးပေါင်း တပ်ဖွဲ့တွေက ဒီနေ့မနက်မှာ ဝင်ရောက်ဖျက်စီးခဲ့ပါတယ်။ ဝင်ရောက်ဖျက်ဆီးနေစဥ်အတွင်းမှာပဲ အင်းတော်မြို့ ရိက္ခာကုန်းဘက်ရှိ စစ်ကောင်စီတပ်ဘက်က နဘားရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Indaw Revolution-IR ကထုတ်ပြန်ထားပါတယ်။

ဝင်ရောက်စီးနင်းတဲ့ဖြစ်စဥ်မှာ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိဘဲ ဖမ်းဆီးထားတဲ့ ဝန်ထမ်း လေးယောက်ကိုလည်း စစ်မေးစရာရှိတာ စစ်မေးပြီး ပြန်လည်လွတ်ပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *