သြဂုတ် ၁၆၊ The Nation Voice
ထိုင်းရေနံကုမ္ပဏီကြီး PTTEP ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက မြန်မာကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ဇောတိကလုပ်ကွက်ကနေ ထိုင်းနိုင်ငံကို ပြန်လည်တင်ပို့နေပြီဖြစ်ပါတယ်။ သြဂုတ် ၁ ရက်က ဇောတိကပိုက်လိုင်းရဲ့ကမ်းပေါ်အပိုင်းတစ်ပိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တာကြောင့် ဖိအားကျဆင်းခဲ့တဲ့နောက် PTTEP က ပိုက်လိုင်းကို သီးသန့်ခွဲပြီး ထိုင်းနိုင်ငံကို ဓာတ်ငွေ့ပို့လွှတ်မှုရပ်ဆိုင်းခဲ့ပါတယ်။
မြန်မာနိုင်ငံကိုတော့ ဆက်လက်ပို့ဆောင်နေပါတယ်။ ကနဦးစစ်ဆေးမှုတွေမှာ ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေကို မတွေ့ခဲ့ရပေမဲ့ ပိုအတွင်းကျကျစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ သြဂုတ် ၁၄ ရက်မှာ ထိုင်းနိုင်ငံကို ဇောတိကလုပ်ကွက်ကနေ ဓာတ်ငွေ့ပြန်လည်ပို့လွှတ်နေပြီလို့ PTTEP က အတည်ပြုပါတယ်။ပြုပြင်တဲ့လုပ်ငန်း (၂)ပတ်ဝန်းကျင်ကြာမယ်လို့ ခန့်မှန်းထားပေမဲ့ ခန့်မှန်းချိန်ထက်စောပြီး ပြန်လည်ပို့လွှတ်နိုင်တာလည်းဖြစ်ပါတယ်။
