သြဂုတ် ၁၇၊ The Nation Voice
အင်္ဂါနေ့ညပိုင်းက ထိုင်းတောင်ပိုင်းနယ်စပ်ခရိုင်(၃) ခုမှာ ခွဲထွက်ရေးအဖွဲ့တွေက ပူးပေါင်းကြံစည်ပြီး ဗုံးခွဲမှုနဲ့မီးရှို့မှုတွေပြုလုပ်ခဲ့တာကြောင့် သက်သာစတိုးဆိုင်နဲ့ဓာတ်ဆီဆိုင်တွေအပါအဝင် နေရာ (၁၇)နေရာမှာ ထိခိုက်ခဲ့ပါတယ် ယာလာ၊နာရာသီဝတ်နဲ့ပတ်တာနီခရိုင်တို့မှာ အင်္ဂါနေ့ညပိုင်းနဲ့ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းတို့က တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူ(၃)ဦးဒဏ်ရာရခဲ့ပါတယ်။

ခွဲထွက်ရေးအဖွဲ့တွေဟာ နိုင်ငံစီးပွားရေးကို နှောင့်ယှက်ဖို့ ရည်ရွယ်ထားတာလို့ အမှတ်(၄) ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနကပြောပါတယ်။ အစောပိုင်းမှာ နေရာ(၁၁)နေရာတိုက်ခိုက်ခံရတယ်လို့ သတင်းတွေရှိခဲ့ပေမဲ့ နေရာ(၁၇)နေရာကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ ဌာနဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ် ပရာမုတ် ပရွန်အင်ကပြောပါတယ်။

ပတ်တာနီခရိုင်မှာ တိုက်ခိုက်မှု (၂)ကြိမ်၊ယာလာခရိုင်မှာ(၆)ကြိမ်နဲ့နရာသီဝတ်ခရိုင်မှာ (၉) ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ အထိခိုက်ဆုံးနေရာဟာ မီးလောင်ပြာကျခဲ့တဲ့ ပတ်တာနီခရိုင်၊နောင်ချစ်မြို့က ဘန်ချက်ဓာတ်ဆီဆိုင်လို့လည်း အသိပေးပါတယ်။