မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ဂျပန်ရုပ်ရှင်ထုတ်လုပ်သူကို တရားရုံးမှာစတင်စစ်ဆေး

သြဂုတ် ၁၇၊ The Nation Voice

ရန်ကုန်မြို့ကလုံခြုံရေးအာဏာပိုင်တွေ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသားကို ပြီးခဲ့တဲ့လမှာ တရားရုံးက စစ်ဆေးနေပြီလို့ မြန်မာစစ်တပ်အရာရှိတွေကပြောပါတယ်။ သူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာအတွက် တရားရုံးဆုံးဖြတ်ချက်စောင့်ဖို့ လိုအပ်တယ်လို့ စစ်တပ်အရာရှိတွေက အင်္ဂါနေ့မှာပြောပါတယ်။ ဇူလိုင် ၃၀ ရက်မှာ အာဏာသိမ်းစစ်တပ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတစ်ခုကို မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ တိုရူ ကူဘိုတာက မှတ်တမ်းတင်နေတုန်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊လူဝင်မှုထိန်းချုပ်ရေးဥပဒေချိုးဖောက်မှုတို့နဲ့ စွဲချက်တင်ခံထားရပါတယ်။သူက မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ရောက်ရှိလာတာလို့ စစ်တပ်က ပြောပါတယ်။ ဂျပန်အောက်လွှတ်တော်အမတ် ဟီရိုမီချီ ဝါတာနာဘေးက ပြီးခဲ့တဲ့တပတ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မင်းအောင်လှိုင်က ကူဘိုတာကို မကြာမီလွှတ်ပေးမယ်လို့ ကတိပေးကြောင်း ဝါတာနာဘေးက လူမှုကွန်ရက်မှာပြောထားပါတယ်။

Source – The Japan Times Photo – The Japan Times

Leave a Reply

Your email address will not be published. Required fields are marked *