သြဂုတ် ၁၇၊ The Nation Voice
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ကူးတဲ့ ရတနာပုံတံတားမှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးစဥ်မှာ ကားပေါ်မှာပါလာတဲ့ PDF (၃) ဦးနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးသလို PDF သုံးဦးလည်း သေဆုံးသွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ လက်တလောမှာ သိရှိထားရပါတယ်။
အဲဒီတံတားအနီးမှာနေထိုင်သူတစ်ဦးကတော့ ယနေ့နံနက်ပိုင်းက ပစ်ခတ်တဲ့သေနတ်သံတွေဟာ အချက်ရေပေါင်းများစွာ ပစ်ခတ်နေတဲ့ပုံစံမျိုးဖြစ်ပြီး အပြန်အလှန် ပစ်ခတ်နေပုံရတယ်လို့လည်း ပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက တံတားကိုဖြတ်ခွင့်မပေးဘဲ ပိတ်ဆို့စစ်ဆေးတာတွေကို လုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တံတားကိုပြန်လည်ဖြတ်သန်းခွင့်ပေးလိုက်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
