ရတနာပုံတံတား ပစ်ခတ်မှုကြောင့် စစ်သားနှစ်ယောက်သေ၊ PDF နှစ်ယောက် ကျဆုံး၊ပြည်သူ နှစ်ဦးလည်း သေဆုံး

ဩဂုတ် ၁၇၊ The Nation Voice

စစ်ကိုင်းတိုင်းအဝင်ဖြစ်တဲ့ စစ်ကိုင်းမြို့ ရတနာပုံတံတားမှာ ဒီမနက် ပစ်ခတ်မှုကြောင့် စစ်သားနှစ်ယောက်သေပြီး PDF နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်ဘက်က ထွက်ခွါလာတဲ့ အာကာသ မှန်လုံယာဉ်ကို တံတားထိပ်မှာ စစ်ဆေးချိန် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ PDF နှစ်ယောက် ကျဆုံးခဲ့ပြီး ခရီးသည်ထဲကလည်း နှစ်ယောက် သေဆုံးခဲ့သလို နောက်ထပ် ခရီးသည် (၅)ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဒါ့အပြင် ကားပေါ်မှာ တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့ KNLA တံဆိပ် ယူနီဖောင်း လေးစုံကို စစ်ကောင်စီက သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *