ဩဂုတ် ၁၇၊ The Nation Voice
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း(၇၄) နှစ်မြောက်အခမ်းအနားကို ဒီကနေ့မနက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေ တလဲဒူဆို(ညာမို)ဒေသမှာ ကျင်းပခဲ့ပါတယ်။

ကရင်နီတပ်မတော်နေ့ကို KNPP က သဝဏ်လွှာပေးပို့ခဲ့ရာ အမျိုးသားရေး အတွက်အသက်ပေးဆပ်သွားခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများနဲ့ ပြည်သူလူထုအတွက် သမိုင်းကြွေးများ ကျန်ရစ်နေကြောင်းဖော်ပြခဲ့ပြီး သမိုင်းပေးတာဝန်များ မပြီးဆုံးမချင်း ဆက်လက်တိုက်ပွဲဝင်နေရဦးမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနေ့ ဆင်နွှဲနေတဲ့ ခုခံတော်လှန်ရေးဟာ ကရင်နီ တစ်မျိုးသားလုံးရဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသားဂုဏ်သိက္ခာတွေကို ဖော်ထုတ်ဖို့ အပြင် မဟာစစ်ဝါဒီတွေရဲ့ မတရားတဲ့ကျူးကျော်စစ်ကို ပြန်လည် တွန်းလှန်ခုခံတော်လှန်နေတဲ့တရားမျှတသော လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ် လို့ KNPP က သဝဏ်လွှာပေးပို့ခဲ့ပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောတဲ့ လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးထားပါတယ်။

ကရင်နီတပ်မတော်ကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ရက်မှာ ဗမာပြည် ဖဆပလတပ်တွေက ကရင်နီအစိုးရရုံးစိုက်ရာ မြလဲရွာကို တိုက်ခိုက်ကျူးကျော်လာလို့ ကရင်နီ အမျိုးသားတော်လှန်ရေး စတင်ခဲ့ပြီးအမျိုးသား ခုခံတော်လှန်ရေးနဲ့အတူ ဩဂုတ် ၁၇ရက်မှာ စတင်




