ကုန်းသာကျေးရွာမှာ စကစနဲ့ ဒေသခံပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊စကစဘက်က (၆)ဦးခန့်သေဆုံးဟုဆို

ဩဂုတ် ၁၈၊ The Nation Voice

ကယားပြည်နယ်၊ဒီမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာမှာ စကစနဲ့ဒေသခံပူးပေါင်းတပ်တွေ မနေ့ကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စကစဘက်မှ (၆)ဦးခန့်သေဆုံးနိုင်ပြီးတယ်လို့ Karenni Revolution Union-KRU ကထုတ်ပြန်ပါတယ်။ ကုန်းသာကျေးရွာမှာ စကစနဲ့ဒေသခံပူးပေါင်းတပ်တွေမနေ့ကညနေ(၄)နာရီကျော်ကနေ ည(၆)နာရီကျော်လောက်အထိ နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွအတွင်း အထိနာနေတဲ့စကစတပ်ဟာ ညနေ(၅)နာရီကျော်လောက်မှာတော့ ပြည်သူပိုင်နေအိမ်တစ်လုံးကိုမီးရှို့ပြီး ဒေသခံပူးပေါင်းတပ်တွေကို လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊စက်လက်နက်တွေနဲ့ မနားတမ်းပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် KRU အဖွဲ့က ရဲဘော်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)ဘက်ကလည်း 81MM လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲကိုပြန်လည်ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မိမိတို့KRUဘက်မှလည်း 81MM စသည့် လက်နက်ကြီးတို့ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ကို ပြန်လည် ခုခံ နိုင်ခဲ့ပါသည်။ ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU အနေဖြင့် လက်ရှိတိုက်ပွဲ များနောက်မဆုတ် စတမ်း ခခံ တိုက်ထုတ်လျက်ရှိကြောင်း ပြည်သူများ ထံသို့ သတင်းကောင်းပါးအပ်ပါတယ်”လို့ KRU အဖွဲ့ရဲ့လူမှုကွန်ယက်မှာပြောဆိုထားပါတယ်။ ကယားပြည်နယ်ထဲမှာတော့ စကစနဲ့ဒေသခံပူးပေါင်းတပ်တွေ ‌နေ့စဉ်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေပြီး စကစဘက်မှ ဒေသခံပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အသေအဆုံးများကာအထိနာနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *