ကော့ကရိတ်မြို့တွင်း စစ်ကောင်စီတပ်တွေ နေရာယူပြီး ကျေးရွာတွေဘက် စစ်ကြောင်းထိုးနေ၊ သံချပ်ကာကားတွေပါ ယူလာ

သြဂုတ် ၁၈၊ The Nation Voice

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ ကော့ကရိတ်မြို့ ရဲစခန်း နှစ်ခုကို ပြီးခဲ့တဲ့ သြဂုတ် (၁၅) ရက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဥ်တွေမှာ မြို့နယ်ရဲတပ်ဖွဲ့ မှူး တစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင် စုစုပေါင်း (၇) ဦးသေဆုံးခဲ့တယ်လို့ လူမှုကွန်ရက်ကို ပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ကြေးနန်းတွေအရ သိရပါတယ်။

အဲဒီဖြစ်စဥ်မှာသေဆုံးခဲ့တဲ့ ရဲမှူးရဲ့နာရေးကို သြဂုတ် (၁၇) ရက်မှာ ပြုလုပ်ခဲ့ပြီး ကျန်သေဆုံးသူတွေရဲ့နာရေးကို ဒီနေ့သြဂုတ် (၁၈) ရက်မှာ ပြုလုပ်ခဲ့ပြီးတော့ သူတို့နာရေးတွေကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချပြီးပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့မှာ နေရာယူထားပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေကာ မြို့ပေါ်မှာ ဧည့်စာရင်းစစ်တာ၊ဖမ်းဆီးမှုတွေပြုလုပ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာမှုရှိနေပြီးတော့ ကော့ကရိတ်မြို့မှာ အချိန်မရွေးတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ပြီး စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေက ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ၊ ကော့ကရိတ်မှာ ခြံစည်းရိုးကိုဝင်တိုက်နေတဲ့ စစ်ကောင်စီရဲ့ သံချပ်ကာကား

Leave a Reply

Your email address will not be published. Required fields are marked *