ချမ်းမြသာစည်မြို့သစ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာတပ်စွဲထားတဲ့ စကစအထိုင်ချစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

ဩဂုတ် ၁၈၊ The Nation Voice

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်(၆၇)လမ်း (၁၁၀)လမ်းနဲ့(၁၁၀) A လမ်းကြား မြို့သစ်အမှတ်(၅)ရပ်ကွက်က စကစအဖွဲ့ဝင်တွေအထိုင်ချတပ်စွဲထားတဲ့ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကည(၇)နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ် King Cobra Guerilla Force – MDY ကထုတ်ပြန်ပါတယ်။

“မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း၊ ၁၁၀ နှင့် ၁၁၀ A လမ်းကြားရှိ မြို့ သစ်အမှတ် (၅) ရက်ကွက်ရုံးတွင် တပ်စွဲ ထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုအား ကျွန်တော်များ Kings Cobra Guerilla Force-Mdy တပ်ဖွဲ့မှ ၁၇.၈.၂ဝ၂၂ ၊ ည ၇ နာရီခန့် တွင် လျက်ဆားပုလင်းဖြင့် ဧည့်ခံခဲ့ပါတယ်”လို့ K.C.G.F-MDY ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင်(၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစဘက်က သေနတ်အချက်ရေ(၂၀)ခန့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“စစ်ကောင်စီ၏ပြန်လည်ပစ်ခတ်မူအခြေနေများ ကြောင့် ရဲဘော်များနှင့်အနီးရှိဈေးသည်ပြည်သူများအထိခိုက်မရှိဖို့ ဆုတ်ခွာရာလမ်းကြောင်းမှာ အော်ဟစ်ဆဲဆို၍ဆုတ်ခွာခဲ့ရမှုအတွက် မိဘပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့လျှ င်ခွင့်လွတ်နားလည်ကြေအေးပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံ တောင်းပန်အပ်ပါကြောင်း ထုတ်ပြန် အပ်ပါတယ်” လို့လည်း K.C.G.F-MDY မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးမှ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *