ပုလဲမြို့နယ်အတွင်းမှာ ပိတ်မိနေတဲ့ CDM စစ်သား (၂)ဦးကို ဒေသခံပူးပေါင်းတပ်တွေကသွားရောက်ကယ်ထုတ်ရာ စကစနဲ့ထိတွေ့ဖြစ်ပွား

ဩဂုတ် ၁၈၊The Nation Voice

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် အတွင်းမှာပိတ်မိနေတဲ့ CDM စစ်သား(၂)ဦးကို ဒေသခံပူးပေါင်းတပ်တွေကသွားရောက်ကယ်ထုတ်ရာမှာ စကစနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Southern YSO PDF ကထုတ်ပြန်ပါတယ်။ ဩဂုတ်(၁၆)ရက်နေ့ကပိတ်မိနေတဲ့ CDM စစ်သား (၂)ဦးကို Southern YSO PDF နဲ့အတူ နယ်ခံပုလဲတပ်ရင်း-၄ ဒေါင်းနတ်သမီး ခုနစ်ဖော်တို့အဖွဲ့က သွားရောက်ကယ်ထုတ်ရာမှာ စကစနဲ့အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စကစအဖွဲ့ဝင်တစ်ဦး နေရာမှာတင်ပွဲချင်းပြီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အမြင်မှန်အမြန်ရပြီး ပြည်သူတွေနဲ့အမြန်ဆုံးလာရောက်ပူးပေါင်းကြဖို့တိုက်တွန်းတယ်လို့လည်း Southern YSO PDF ကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားပါသေးတယ်။ Southern YSO PDF အဖွဲ့ဟာ ဩဂုတ်(၁၆)ရက်နေ့တုန်းကလည်း ဒေသခံပူးပေါင်းတပ်တွေနဲ့အတူ စကစအဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ပုလဲမြို့လယ်ခေါင်က ထွေအုပ်ရုံးကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *