ပေါက်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

သြဂုတ် ၁၈၊ The Nation Voice

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ သြဂုတ် (၁၈) ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် (၇) နာရီ (၅၀) မိနစ်လောက်က ပေါက်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချိုင်စောက်ရွာနဲ့ ဝန်တင်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

” စခ ၁ ယောက် သေသွားပြီး နီးစပ်ရာနေအိမ်ပေါ်တွင် မီးရှို့ခဲ့ပါသည်။ ဒဏ်ရာရသော စခ ၄ ယောက်အား တွဲခေါ်သွားသည်ကို တွေ့ရှိခဲ့ပါသည် ” လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။

မြိုင်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် (၁၅) နဲ့ (၁၆) ရက်တွေမှာ တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်မှု (၃)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ (၈)ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က တဲကြီးရွာမြောက်ဘက်နားမှာ ခရီးသွားပြည်သူတွေထဲက အမျိုးသားနှစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *