ဖရူဆိုမြို့နယ်၊ဆိုလားလူရွာ တိုက်ပွဲအတွင်း ဒေသခံပူးပေါင်းတပ်ဖွဲ့တွေရဲ့ စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့် စကစအဖွဲ့ဝင်(၄)ဦးသေဆုံး

ဩဂုတ် ၁၈၊ The Nation Voice

ကယားပြည်နယ်(ကရင်နီ)၊ဖရူဆိုမြို့နယ် ဆိုလားလူကျေးရွာတိုက်ပွဲအတွင်း ဒေသခံပူးပေါင်းတပ်တွေရဲ့ စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့် စကစအဖွဲ့ဝင်(၄)ဦးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။zz

ဆိုလာလူးကျေးရွာတိုက်ပွဲအတွင်းမှာ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့၊ KNDF Sinper ၊ Loikaw PDF Sinper အဖွဲ့တွေရဲ့ ပူးပေါင်းပစ်ခတ်မှုကြောင့် ဩဂုတ်(၁၄)ရက်နေ့က စကစအဖွဲ့ဝင် စနိုက်ပါတပ်သား(၁)ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်(၁၆)ရက်နေ့တုန်းကလည်း ပူးပေါင်းအဖွဲ့တွေရဲ့ စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့် စကစအဖွဲ့ဝင်(၃)ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေ အတွင်းမှာဒေသခံပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့အနေဖြင့် ဒေသခံညီနောင်မဟာမိတ်အဖွဲ့များ ဖြင့်ပူးပေါင်းကာ စစ်အာဏာရှင်စကစများအားပြုတ်ကျသွား သည့်အထိ ပုံသဏ္ဍာန်မျိုးစုံ ၊ တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်” လို့အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သူတို့လူမှုကွန်ယက်မှာပြောထားပါသေးတယ်။

ဩဂုတ်လ(၉)ရက်နေ့ ဖရူဆိုမြို့တိုက်ပွဲအတွင်းမှာလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် စကစအဖွဲ့ဝင် (၁၁)ဦးသေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *