အောင်ချမ်းသာရပ်ကွက်ရာအိမ်မှူး ပျူစောထီးအဖွဲ့ဝင် အောင်သန်းဆိုသူကို “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ပစ်ခတ်ရှင်းလင်း

ဩဂုတ် ၁၈၊ The Nation Voice

တနင်္သာရီတိုင်း၊မြိတ်မြို့နယ် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်သန်းဆိုသူကို မနေ့ကညနေ(၅)နာရီကျော်လောက်မှာ “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ်သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်ကထုတ်ပြန်ထားပါတယ်။ ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူးအောင်သန်းကို မနေ့က မြိတ်(ပကဖ)နဲ့ မြိတ်ခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းပြီး Sea View ကုန်တိုက်အနီးက ၎င်းကိုယ်တိုင်ရောင်းနေတဲ့ ဝက်သားတုတ်ထိုးဆိုင်မှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အောင်သန်းဆိုသူဟာ ရေပုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ချစ်ကိုကိုဆိုသူရဲ့ တပည့်လည်းဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်အနေနဲ့ကတော့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ရာအိမ်မှူးများပျူစောထီးများစစ်ကောင်စီသတင်းပေးဒလန်များကိုပြည်သူနှင့်ပူးပေါင်းပါအလင်းဝင်ပါမိသားစုတွေကိုငဲ့ညာပါ နောင်တချိန်ပတ်ဝန်းကျင်ရဲ့ပစ်ပယ်မခံရအောင်နေထိုင်ပေးကြပါလို့ပဲပြောချင်ပါတယ်”လို့ မြိတ်(ပကဖ)ရဲ့တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ အဲ့ဒီစစ်ဆင်ရေးက ဒေသခံ(ပကဖ)ရဲဘော်တွေဟာလည်း လွတ်မြောက်နယ်မြေသို့ ပြန်‌လည်ရောက်ရှိနေပြီဖြစ်တယ်လို့ လည်းသိရပါတယ်။

“ပြည်သူလူထုလည်းသတိထားသွားလာကြဖို့ကိုပြောချင်ပါတယ်စစ်ကောင်အဖွဲ့တွေကလမ်းသွားလမ်းလာပြည်သူတွေကိုပစ်ခတ်ဖမ်းဆီးနေတယ်လို့လည်းကြားသိရပါတယ်အားလုံးဂရုစိုက်ကြပါလို့ပြောချင်ပါတယ်ခင်ဗျာ”လို့လည်းသူကပြောဆိုထားပါသေးတယ်။ မြိတ်(ပကဖ)ဟာ ဩဂုတ်(၁၆)ရက်နေ့တုန်းကလည်း မြိတ်မြို့နယ်အတွင်း လက်နက်ကိုင်သောင်ညမ်းနေတဲ့ စကစလက်အောက်ခံပြည်သူ့စစ်အဖွဲ့ကို မြိတ်မြို့နယ်လေယာဉ်ကွင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *