ချောင်းဦးမှာ မိုင်းရှာထွက်လာတဲ့ စကစအုပ်စု ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ၊စကစဘက်ကအသေအဆုံးများရှိနေ

ဩဂုတ် ၁၉၊ The Nation Voice

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်းပေါ်ကို မိုင်းရှာဖို့ထွက်လာတဲ့ အင်အား(၅၀)ပါ စကစအုပ်စုကို မနေ့ကမနက်ပိုင်းမှာ ပဒေသာမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHUPDF)ကထုတ်ပြန်ပါတယ်။ စကစအုပ်စုဟာ ဩဂုတ်(၁၈)ရက်နေ့မနက်ပိုင်းလောက်မှာ မုံရွာမြို့ကနေမိုင်းရှာဖို့စတင်ထွက်ခွာလာပြီး ခင်မွန်းကျေးရွာက နမခဘက်စုံခြံမှာ ဝင်ရောက်နားခိုခဲ့ပါတယ်။

အဲ့ဒီနောက် နေ့လည်ပိုင်းလောက်မှာတော့ နမခဘက်စုံခြံတောင်ဘက် မုံရွာ-မန္တလေးကားလမ်းအနောက်ဖက်လယ်ကွင်းတွေအတိုင်း မိုင်းရှာထွက်လာခဲ့တာပါ။လယ်ကွင်းအတိုင်းမိုင်းရှာဖို့ထွက်လာတဲ့ စကစတပ်သားတွေကို CHUPDF တပ်ခွဲ-၄ (မိုင်းတပ်ခွဲ)ရဲ့ ရဲဘော်တွေက ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်က(၅)ဦးခန့်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဩဂုတ်(၁၈)ရက်မနက်ပိုင်းမှာပဲ မုံရွာ-မန္တလေးကားလမ်းပေါ်မှာ CHUPDF အဖွဲ့ ထောင်ထားတဲ့ ပဒေသာမိုင်းနားကိုရောက်လာတဲ့ စကစတပ်သား(၁၈)ယောက်ကို CHUPDF တပ်ခွဲ(၃)က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်သား(၆)ဦးသေဆုံးကာ(၄)ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *