စစ်ကောင်စီသင်္ဘောအုပ်စုကို ABSDFနဲ့ ကသာဒေသ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ဩဂုတ် ၁၉၊ The Nation Voice

စစ်ကိုင်တိုင်း၊ကသာမြို့ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော(၆)စီးကို မနေ့မနက်ပိုင်းက လက်လုပ် လျှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၈ရက် နံနက်ပိုင်းမှာ စစ်ကောင်စီသင်္ဘောတွေကို ကျောင်းသားတပ်မတော် (ABSDF)နဲ့ကသာမြို့နယ် ပကဖ၊ ဒေသခံ LDF နဲ့ရပ်ကျေး ပကဖတွေ ပူးပေါင်းထားတဲ့ ကာကွယ်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ စစ်ကောင်စီတွေ မထင်မှတ်တဲ့ နေရာကနေ Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၉)လုံးထိထိမိမိအောင်မြင်ခဲ့ကြောင်းနဲ့နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောတွေကို စစ်ကောင်စီတပ်က လေကြောင်းက လုံခြုံရေးယူပေးနေတဲ့ ကြားက အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောအုပ်စုကိုပဲ မြို့လှ PDF က ကသာနဲ့ ဗန်းမော်ကြားတစ်နေရာမှာ မနေ့က နံနက် ၁၁နာရီလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဘက်ကို ရေကြောင်းကနေ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေဖြည့်တင်းနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေနဲ့လည်း စစ်ကိုင်း ကချင် အစပ်ဒေသတွေမှာ ဒေသခံ PDF တွေနဲ့ ပေါင်းပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

thenationvoicemyanmar #KIA #ABSDF #PDF #ကသာ #စစ်ကိုင်း #လျှော့တိုက်ဒုံး

Leave a Reply

Your email address will not be published. Required fields are marked *