နျူကလီးယားလက်နက်ဖျက်သိမ်းရင် အကူအညီတွေပေးမယ်လို့ တောင်ကိုရီးယားကမ်းလှမ်းမှုကို အဓိပ္ပာယ်မရှိဘူးလို့ မြောက်ကိုရီးယားတုံ့ပြန်

သြဂုတ် ၁၉၊ The Nation Voice

နျူကလီးယားလက်နက်ဖျက်သိမ်းရေးပြင်ဆင်ရင် စီးပွားရေးအကူအညီတွေပေးမယ်လို့ တောင်ကိုရီးယားက ကမ်းလှမ်းတာဟာ အဓိပ္ပာယ်မရှိတဲ့နေရာမှာ စံတင်လောက်တဲ့စကားလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမ ကင်ယိုဂျွန်း က တုံ့ပြန်လိုက်ပါတယ်။ “စားစရာနဲ့ ကိုယ့်ရည်မှန်းချက်တော့ ဘယ်သူမှမလဲပါဘူး”လို့ ကင်ယိုဂျွန်းက ထုတ်ပြန်ချက်မှာပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယောက အစီအစဉ်ကို မေလမှာပထမဆုံးမိတ်ဆက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ထပ်လောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ ယွန်းအနေနဲ့ ပါးစပ်ပိတ်ထားသင့်တယ်လို့ ကင်က သောကြာနေ့မှာပြောပြီး ယွန်းဟာ ရိုးရှင်းပြီး ကလေးဆန်သေးတယ်လို့လည်း ပြောလိုက်ပါတယ်။

ကင်ရဲ့ရိုင်းပြတဲ့မှတ်ချက်ကြောင့် စိတ်မကောင်းဖြစ်ရပေမဲ့ ကမ်းလှမ်းမှုကို မရုတ်သိမ်းသေးဘူးလို့ တောင်ကိုရီးယားသမ္မတက တုံ့ပြန်ပါတယ်။

Source – BBC Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *