မြ၀တီ – ဝေါ်လေလမ်း ဒီကနေ့မနက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွားဟုဒေသခံပြော

ဩဂုတ် ၁၉၊ The Nation Voice

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်မှာ ဒီမနက်ကတိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း ကရင်ဒေသခံတစ်ဦးကပြောပါတယ်။

ဩဂုတ် ၁၉ရက် မနက် ၃နာရီလောက်မှာ စစ်ကောင်စီတပ်က မြ၀တီ-ဝေါ်လေလမ်းပေါ်ရှိ သုံးထပ်ကွေ့ဒေသကို ထိုးစစ်ဆင်လာတာကြောင့်ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်တဲ့ ကော်ဘရာ စစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မိုးလင်းခါနီးအချိန်ထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း သူကပြောပါတယ်။

“မနက် မိုးလင်းအထိ ဖြစ်တယ်။ မနက် မလင်းတလင်းမှာ သူတို့ပြန်ဆုတ်သွားတယ်” လို့ ဒေသခံက ပြောပါတယ်။

ဒီလိုထိုးစစ်ဆင်မှု မလုပ်ခင် မနေ့ည ၁၁နာရီ ၁၅ မိနစ်လောက်မှာ ကော်ဘရာ စစ်ကြောင်းတွေ ရှိရာ လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့တာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မြ၀တီ – ဝေါ်လေလမ်း မှာ ကော်ဘရာ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *