ယူကရိန်းနျူကလီးယားဓာတ်အားပေးစက်ရုံကို ထိခိုက်အောင်လုပ်ရင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တာလို့ ကုလသမဂ္ဂအကြီးအကဲသတိပေး

သြဂုတ် ၁၉၊ The Nation Voice

ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရစ်ဇီယာနျူကလီးယားစက်ရုံနားမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကပြောပါတယ်။ ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီ၊တူရကီခေါင်းဆောင် ရီဆက် တေယစ် အာဒိုဂမ်တို့နဲ့ ယူကရိန်းနိုင်ငံ၊အယ်လ်ဗစ်မြို့မှာတွေ့ဆုံချိန် ဂူတာရက်စ်က မှတ်ချက်ပြုလိုက်တာပါ။ “ဇာပိုရစ်ဇီယာနျူကလီးယားစက်ရုံကို ထိခိုက်မှုတိုင်းက သေကြောင်းကြံတာပါပဲ”လို့ ဂူတာရက်စ်က သတိပေးပါတယ်။ယု

အခုတွေ့ဆုံမှုဟာ ဧပြီလက ယူကရိန်းမြို့တော်ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ပစ်ခံရခဲ့တဲ့ခရီးစဉ်နောက်ပိုင်း ဇီလန်စကီနဲ့ ဂူတာရက်စ်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုပါ။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မတ်လမှာရုရှားကသိမ်းပိုက်ခဲ့တဲ့စက်ရုံဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေပြီး ပစ်ခတ်မှုတွေအတွက် ယူကရိန်းနဲ့ရုရှားက တဖက်နဲ့တဖက်အပြန်အလှန်လက်ညှိုးထိုးနေပါတယ်။ #thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #နျူကလီးယား #ဓာတ်အားပေးစက်ရုံ #ကုလသမဂ္ဂ #ယူကရိန်း #ရုရှား

Source – BBC Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *