ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်နေမှု ရက်ထပ်တိုးပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း

သြဂုတ် ၁၉၊ The Nation Voice

မှတ်ပုံတင်နေတဲ့လုပ်သားအများအပြားပြဿနာတွေတွေ့နေရတဲ့အတွက် မှတ်ပုံတင်ဖို့သတ်မှတ်ထားတဲ့နောက်ဆုံးရက်ထပ်တိုးပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ရွှေ့ပြောင်းလုပ်သားအရေးလုပ်ဆောင်ပေးနေတဲ့ Migrant Working Group (MNG) က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရွှေ့ပြောင်းလုပ်သားတွေ အွန်လိုင်းကနေမှတ်ပုံတင်ဖို့ကြိုးစားခဲ့ပေမဲ့ ပြဿနာတွေအများကြီးကြုံခဲ့ရတယ်လို့ MNG က အဒီဆွန်း ကာမောင်ကူကပြောပါတယ်။

တချို့က နာမည်အောင်အောင်မြင်မြင်ရိုက်ထည့်နိုင်ပေမဲ့ သူတို့မှတ်ပုံတင်တာမပြည့်စုံဘူးလို့ စာပြန်တယ်ဆိုပြီး ပြောကြတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မှတ်ပုံတင်တဲ့ဝက်ဆိုက်ကို ပြုပြင်ထိန်းသိမ်းမှုလုပ်နေတာကြောင့် (၂)ရက်ကြာ ဝင်မရဖြစ်ခဲ့ပေမဲ့ နောက်ဆုံးသတ်မှတ်ရက်ထဲမှာ အဲဒီ(၂) ရက်ကို ထည့်သွင်းထားတာမရှိသလို မှတ်ပုံတင်မယ့်လူရဲ့ပုံကို အဖြူနောက်ခံနဲ့ရိုက်ထားရမယ်ဆိုတာကိုလည်း ကြိုတင်အသိပေးထားခြင်းမရှိပါဘူး။ အချက်အလက်တွေမသိရတာကြောင့် မှတ်ပုံမတင်နိုင်သေးတဲ့လုပ်သားအများအပြားရှိနေနိုင်တယ်လို့ အဒီဆွန်းကပြောပါတယ်။

ဒါ့ကြောင့် အလုပ်ရှင်တွေက သူတို့ဝန်ထမ်းတွေအတွက် တစ်ယောက်ကို ဘတ်(၁၀၀၀၀) နဲ့(၁၂၀၀၀) ကြားပေးပြီး ပွဲစားတွေကနေတဆင့်မှတ်ပုံတင်ခိုင်းနေတယ်လို့လည်း ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထားလျှောက်ထားရမယ့် လုပ်သားသိန်းချီရှိနေတယ်လို့လည်း သူက သတိပေးပါတယ်။

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *