တိုက်ပွဲတွေထပ်ဖြစ်လာလို့ မြန်မာနိုင်ငံသားတွေ အိန္ဒိယဘက်ထွက်ပြေးမှုမြင့်တက်နေ

သြဂုတ် ၂၀၊ The Nation Voice

ချင်းပြည်နယ်မှာတိုက်ပွဲတွေထပ်ဖြစ်နေလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားရာချီ အိန္ဒိယနိုင်ငံဘက်ထွက်ပြေးလာကြတယ်လို့ ဒေသခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံသားရာချီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲဝင်လာခဲ့တယ်လို့ ဇိုကော်သာကျေးရွာကောင်စီဥက္ကဋ္ဌ လယ်မူအန်ပူအီယာက PTI သတင်းအေဂျင်စီကိုပြောပါတယ်။

ချင်းပြည်နယ်က ဟိုင်မူအယ်ရွာကို မြန်မာစစ်တပ်က မီးရှို့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ကလေး (၂)ဦးအပါအဝင် လူ (၅)ဦးကို ဖမ်းဆီးသွားတာကနေ နောက်ဆုံးတိုက်ပွဲတွေစနေတာလို့လည်း သူကပြောပါတယ်။

ဟိုင်မူအယ်ရွာဟာ အိန္ဒိယ-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာရှိပြီး နယ်စပ်မျဉ်းဘေးကပထမဆုံးရွာဖြစ်တဲ့အပြင် ဇိုကော်သာရွာနဲ့ (၇) ကီလိုမီတာအကွာမှာရှိပါတယ်။ ဟိုင်မူအယ်ရွာကအကြမ်းဖက်မှုတွေနဲ့ မကြာသေးခင်က ကော်မာဝီရွာမှာရှိတဲ့မြန်မာစစ်တပ်စခန်းကိုတိုက်ခိုက်မှုတို့ကြောင့် ဇိုကော်သာရွာနဲ့ပတ်ဝန်းကျင်ရွာတွေကို မြန်မာဘက်ကဒုက္ခသည်တွေထွက်ပြေးလာကြတယ်လို့ လယ်မူအန်ပူအီယာကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာဘက်ကလူထောင်ချီ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးလာခဲ့ကြပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်နဲ့ ကီလိုမီတာ (၅၁၀)ကျော်ထိစပ်နေတဲ့အိန္ဒိယပြည်နယ်ဖြစ်ပါတယ်။

Source – PTI Photo – Nagaland Post

Leave a Reply

Your email address will not be published. Required fields are marked *