ပေါက်မှာရှိတဲ့ PRDF စခန်းကို စစ်ကောင်စီတပ်ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ ကျပ် သိန်း (၅၀၀) ဖိုးလောက်ဆုံးရှုံး

သြဂုတ် ၂၀၊ The Nation Voice

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Pauk Regional Defense Force ရဲ့ စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ဖျက်ဆီးသွားတဲ့အတွက် ကျပ်သိန်း (၅၀၀) ခန့်ဆုံးရှုံးခဲ့ရတယ်လို့ PRDF က သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် (၁၃) ရက်က စစ်ကောင်စီတပ်ဟာ အဆိုပါစခန်းကို စစ်ကြောင်းထိုးပြီး စခန်းကရဲဘော်တွေနဲ့ ထိတွေ့မှုဖြစ်ကာ စခန်းကိုမကာကွယ်နိုင်ခဲ့ဘဲ ရဲဘော်တွေလွတ်မြောက်ဖို့အတွက် ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း PRDF က ဆိုပါတယ်။

“ပျက်စီးဆုံးရှုံးသွားသည်မှာ စခန်းတစ်ခုဆိုတာထက်ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်အနာဂတ်များရှင်သန်ရာဖြစ်သည်။ ကျွန်တော်တို့ RDF တပ်ဖွဲ့ ပြန်လည်ထူထောင်နိုင်ရန် ၊ ဆုံးရှုံးမူများထက် ပြည်သူ့ရည်မှန်းချက် fedral democracy ပန်းတိုင် အရောက်လှမ်းနိုင်ဖို့ ကူညီထောက်ပံ့မူများလိုအပ်နေပါသဖြင့် Page cb ကိုလာရောက်ဆက်သွယ် လှူဒါန်းပေးကြပါရန် တစ်ဖွဲ့သားလုံးကိုယ်စား ပြည်သူအားလုံးကို လေးစားစွာဖြင့် ပြည်သူ့မေတ္တာများ တောင်းခံအပ်ပါသည်”လို့ PRDF က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သြဂုတ် (၁၇) ရက်က ပေါက်မြို့နယ်အတွင်းရှိ အထက်ချိုင်ဇောက်ကျေးရွာနဲ့ အောက်ချိုင်ဇောက်ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့လို့ နေအိမ် (၇၀) နီးပါးနဲ့ စာသင်ကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *