သြဂုတ် ၂၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ဆိုတဲ့အဖွဲ့တွေကို ပြည်သူတွေဆီက ခိုးယူထားတဲ့ဆိုင်ကယ်တွေကို ဩဂုတ် (၁၉) ရက်နေ့က ဆိုင်ကယ်အစီး (၁၂၀) ထောက်ပံ့ ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် လော်ဘီတွေက ဆိုပါတယ်။ အဲဒီဆိုင်ကယ်တွေကို ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ဝန်းရှိ အောင်ဆန်းခန်းမမှာ ယမန်နေ့က အခမ်းအနားပုံစံနဲ့ကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။

ပေးအပ်တဲ့ဆိုင်ကယ်တွေကတော့ အသစ်တွေမဟုတ်ဘဲ 125/110(ဒေသအခေါ် ရုပ်ဆိုး) ဆိုင်ကယ်အမျိုးအစားတွေဖြစ်ပြီး တောလမ်းရွာလမ်းတွေမှာ ကြမ်းတမ်းစွာမောင်းနှင်အသုံးပြုနိုင်မယ့် ဆိုင်ကယ်တွေဖြစ်ပါတယ်။ အလားတူ ယနေ့ ဩဂုတ် (၂၀) ရက်မှာလည်း မကွေးတိုင်း ပခုက္ကူမြို့နယ်က ပြည်သူ့စစ်တွေကိုလည်း ဆိုင်ကယ်တွေ ပေးအပ်ခဲ့တယ်လို့ စစ်တပ်လော်ဘီတွေကပဲ ထုတ်ပြန်ပြောဆိုနေကြပါတယ်။

