ပြည်သူ့အိမ်တွေကို မီးမရှို့ဘူးလို့ မင်းအောင်လှိုင်က UN အတွင်းရေးမှူးချုပ်ကို လိမ်

သြဂုတ် ၂၀၊The Nation Voice

ပြည်သူလူထုရဲ့ ရပ်ရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဟာ သူ့စစ်တပ်တာလုပ်တာမဟုတ်ဘူးလို့ မင်းအောင်လှိုင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်အပေါ်မှာ ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေနဲ့ ပြည်သူလူထုနေထိုင်ရာ ရပ်ရွာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့အတွက် ပြောဆိုခဲ့တဲ့အပေါ်မှာ မင်းအောင်လှိုင် ပြန်လည် တုန့်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

“ နေအိမ်၊ ရပ်ရွာတွေကို မီးရှို့သည့် ကိစ္စသည် လုံးဝမှားယွင်းသည်ဟု မိမိအနေဖြင့်ပြောကြားလိုပါသည်။ သာမာန်အားဖြင့် စဥ်းစားကြည့်မည်ဆိုလျင် မိမိတာဝန်ယူပေးရမည့် ဒုက္ခသည်များကို မိမိတို့က ဒုက္ခရောက်စေရန် နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟူသောအချက်မှာ မဖြစ်နိုင်သည်ကို သိရှိနိုင်ပါသည်။ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသည်ဆိုသောအချက်ကို လုံးဝငြင်းဆိုပါသည် ” လို့ မင်းအောင်လှိုင်က လိမ်လည်ပြောဆိုပါတယ်။

ကုလအထူးကိုယ်စားလှယ်ပြောဆိုတဲ့အချက်ာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပြည်သူတွေကို လေကြောင်းက တိုက်ခိုက်တာနဲ့ အညာဒေသမှာ မီးရှို့ဖျက်ဆီးတာတွေမလုပ်ဖို့ ပြောဆိုတာဖြစ်ပြီး မင်းအောင်လှိုင်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို ရောချပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *