မန္တလေးဘက်ကထွက်လာတဲ့ (၁၂)ဘီးပါစကစ ကားနဲ့ နတ်ရေကန်ရွာအနီးကင်းပုန်းလာဝတ်တဲ့ စကစတပ်သားတွေကို မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်၊စကစအဖွဲ့ဝင်(၁၁)ဦးသေဆုံး

ဩဂုတ် ၂၀၊ The Nation Voice

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ မန္တလေးဘက်ကနေထွက်လာတဲ့ (၁၂)ဘီးပါစကစ ကားနဲ့နတ်ရေကန်ရွာအနီးမှာ ကင်းပုန်းလာဝတ်တဲ့စကစတပ်သားတွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတိုက်ခိုက်ရာမှာ စကစအဖွဲ့ဝင်(၁၁)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဗိုလ်နေတိုး ပြောက်ကျားအထူးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်(၁၃)ရက်နေ့က မန္တလေးကနေထွက်ခွာလာတဲ့ (၁၂)ဘီးပါ စကစကားကို နတ်ရေကန်နဲ့ ရေပိုးစာရွာအကြားမှာ မဟာမိတ်အဖွဲ့တွေက ပဒေသာမိုင်း(၇)လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင်(၇)ဦးသေဆုံးသွားကြောင်းသိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဩဂုတ်(၁၈)ရက်ည(၈)နာရီကျော်လောက်မှာလည်း နတ်ရေကန်ရွာအနီးမှာ ကင်းပုန်းလာဝပ်တဲ့ စကစတပ်သား(၂၀)လောက်ကို မိုင်း(၄)လုံးတွဲနဲ့အတူဗိုလ်နေတိုးအဖွဲ့ Mytel အမြှောက်ကြီးတွေနဲ့ တိုက်ခိုက်ရာမှာ စကစအဖွဲ့ဝင်(၄)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)နဲ့အတူ ဗိုလ်တောက်ထွန်း(MBTT)၊ လျှက်တပြက်စွန်ညို၊ဒီမိုသိန်းငှက် စတဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဗိုလ်နေတိုး ပြောက်ကျားအထူးအဖွဲ့ဟာ ဩဂုတ်(၈)ရက်နေ့တုန်းကလည်း ငါးရှန်ကျေးရွာဘက်ကို ကင်းပတ်လာတဲ့ စကစတပ်သားတွေကို ‌ပဒေသာမိုင်း(၈)လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *