သြဂုတ် ၂၀၊ The Nation Voice
ကြာသပတေးနေ့မှာ မြန်မာနိုင်ငံသား(၂)ဦးကို မီဇိုရမ်ပြည်နယ်၊ချမ်ဖိုင်ခရိုင်မှာ မက်သာဖက်တမင်းစိတ်ကြွဆေးအပြား (၅၀၀၀၀) (အလေးချိန် ၅.၅ ကီလိုဂရမ်)နဲ့ ဟီရိုအင်း (၁၄) ဂရမ်လက်ဝယ်တွေ့ရှိတဲ့အတွက် ဖမ်းဆီးခဲ့တယ်လို့ မီဇိုရမ်ယစ်မျိုးနှင့်မူးယစ်ဆေးဌာနအရာရှိတစ်ဦးက သောကြာနေ့မှာပြောပါတယ်။
ဖမ်းဆီးခံရသူ (၂)ဦးဟာ ချင်းပြည်နယ်၊ သင်လိုင်ရွာက အသက် ၂၆ နှစ်ရှိနေတဲ့ သန်ဈမ်းခါအီယာနဲ့ အသက် ၂၄ နှစ်အရွယ် ဇမ်လမ်ဆမ်တို့ဖြစ်တယ်လို့လည်း အသိပေးပါတယ်။ဒါပေမဲ့ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးတွေရဲ့တန်ဖိုးကိုတော့ ထုတ်မပြောခဲ့ပါဘူး။ မူးယစ်ဆေးတွေပို့ဆောင်ရာမှာအသုံးပြုတဲ့ဆိုင်ကယ်တစ်စီးကိုလည်း သူတို့ဆီကနေသိမ်းဆည်းရမိခဲ့တယ်လို့ အရာရှိကပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ပစ္စည်းများဆိုင်ရာဥပဒေက သက်ဆိုင်ရာပုဒ်မတွေနဲ့စွဲချက်တင်ထားတယ်လို့လည်း သူကပြောပါတယ်။
