မင်းရွာ-ဂန့်ဂေါလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် အဲဒီလမ်းပိုင်းကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ သတိပေး

သြဂုတ် ၂၁၊ The Nation Voice

မကွေးတိုင်း၊ မင်းရွာ-ဂန့်ဂေါလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် အဲဒီလမ်းပိုင်းကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ PDF-Gangaw(တောင်ပိုင်း)တပ်ဖွဲ့က ဒီကနေ့ သြဂုတ် (၂၁) ရက်မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မင်းရွာစခန်းမှ စစ်ကောင်စီတပ်အင်အား (၆၀)ခန့်ဟာ တံတားအတိုင်း မြစ်အနောက်ဘက်ခြမ်းသို့ ထွက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

” စစ်ခွေးများက တောသွားတောလာ လယ်သမားတွေပါ လိုက်ပစ်ခတ်နေပါသည် ” လို့ PDF-Gangaw(တောင်ပိုင်း)တပ်ဖွဲ့က အသိပေးပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များလာရာလမ်းကြောင်းသို့ သွားလာရန်ရှိပါက နီးစပ်ရာ PDF များထံမေးမြန်းပြီးမှ ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အထက်ပါ မင်းရွာ-ဂန့်ဂေါလမ်းပိုင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး PDF-Gangae(တောင်ပိုင်း)တပ်ဖွဲ့ထံ ဆက်သွားထားပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *