ဩဂုတ် ၂၂၊ The Nation Voice
စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ချင်းတွင်းနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြစ်ရိုးအထက်ရဲ့ အပတ်စဉ်(၁)သင်တန်းဆင်းပွဲကို ဩဂုတ်(၂၁)ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အပတ်စဉ်(၁)အခြေခံစစ်ပညာသင်တန်းမှာသင်တန်းသား(၈၀)ကျော်ကိုသင်ကြားပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲမှာ သင်တန်းသားတွေက ကျမ်းသစ္စာကျိန်ဆိုခြင်းအပါအဝင် အချက်(၇)ချက်နဲ့ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။






