သြဂုတ် ၂၂၊ The Nation Voice
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၉(သံဒင်း)၊၂၀(သံဒင်း) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ လူမိုက်တွေကို ကျည်ဆံပို့ပြီး အနေအထိုင်ဆင်ခြင်ဖို့ S.P.T.U.G (SHWEPYITHAR UNDERGROUND GROUP)က သတိပေးလိုက်ပါတယ်လို့ သိရပါတယ်။ အဲဒီ သံဒင်းရပ်ကွက်တွေက အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက လူမိုက်တွေနဲ့ အတူစစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာတွေကို ပြည်သူတွေက တိုင်တန်းလာတဲ့အတွက် အခုလိုသတိပေးလိုက်တာဖြစ်တယ်လို့ S.P.T.U.G အဖွဲ့က ဆိုပါတယ်။
အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက လူမိုက်တွေ၊ လူငယ်တွေကိုစုဆောင်းပြီး တုတ်၊ ဓါးတွေကိုင်ဆောင်ခိုင်းတာ၊ အရက်တိုက်ပြီး ကင်းပတ်ခိုင်းတာ၊ရပ်ကွက်ရုံးမှာ လုံခြုံရေးစောင့်ခိုင်းတာတွေကို စိတ်အားထက်သန်စွာလုပ်ဆောင်နေတယ်လို့ ပြည်သူတွေက တိုင်တန်းထားတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အုပ်ချုပ်ရေးမှူးတွေ၊ အပိုင်ရာအိမ်မှူးတွေအနေနဲ့ အခုလုပ်ရပ်တွေကို ရပ်တန်းကမရပ်ဘဲ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာမယ့် ပြသနာတွေကို တာဝန်မယူဘူးလို့ S.P.T.U.G အဖွဲ့က သတိပေးလိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ၁၉(သံဒင်း)၊၂၀(သံဒင်း) က အုပ်ကြီး၊ ရာအိမ်မှူးနဲ့ လူမိုက်အချို့ရဲ့ ဓါတ်ပုံ၊လိပ်စာ အချက်အလက်တွေကို ရရှိထားပြီးဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီလက်အောက်က အမြန်ဆုံး ထွက်ခွာဖို့ ထပ်လောင်းသတိပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
