သြဂုတ် ၂၂၊ The Nation Voice
တနင်္ဂနွေနေ့ညပိုင်းက တက်ဘိုင်မြို့မှာ သတင်းပေးတစ်ယောက်နဲ့သွားတွေ့တဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦး အသေပစ်သတ်ခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ တက်ဘိုင်ရဲစုံထောက် ရဲတပ်ကြပ်ကြီး ရိုဟင် ပရာဆစ်ချိုင်ဝတ်ဟာ ဆိုင်ကယ်စီးပြီး ဘန်ကိုယောင်ရွာကိုသွားချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ သူ့ကို အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ကို လမ်းမပေါ်လဲကျနေတဲ့ဆိုင်ကယ်ဘေးမှာတွေ့ခဲ့ရတာပါ။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သတင်းပေးတစ်ယောက်ကိုသွားတွေ့ဖို့ သူက ထွက်လာတာပါ။ အလောင်းကို တက်ဘိုင်ဆေးရုံပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှုတွေပြုလုပ်မယ်လို့ ရဲတွေကပြောပါတယ်။
