ဩဂုတ် ၂၂၊ The Nation Voice
စစ်ကိုင်းတိုင်းဒေသကြီး၊အရာတော်မြို့နယ် ကျေးရွာတစ်ရွာက စစ်ဘေးရှောင်အမျိုးသမီး(၃)ဦးဟာ သူတို့ရဲ့စားဝတ်နေရေးခက်ခဲနေချိန်မှာတောင် စကစကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံ (ပကဖ) တွေအတွက် နားကပ်ချွတ်ပြီး ထောက်ပံ့လှူဒန်းပေးခဲ့တယ်လို့ Ayadaw Bone Naing PDF – A.B.N ကထုတ်ပြန်ပါတယ်။ အရာတော်နယ်ထဲက ပြည်သူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ပစ္စည်းတွေ စကစရဲ့မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရပြီး စကစစစ်ကြောင်းဘယ်အချိန်မှာထိုးမလဲဆိုတာကို အထုတ်အပိုးတွေအသင့်ပြင်ကာ နေ ထိုင်နေကြရသူတွေလည်းဖြစ်ပါတယ်။ ရှိ တန်ဆာ၊ မရှိ ဝမ်းစာဆောင်ထားကြတဲ့နားကပ်တွေကိုဖြုတ်လှူတဲ့အတွက် တကယ်ကိုလေးစားမိပါတယ်။တော်လှန်ရေးအတွက် လှူဒါန်းတဲ့ ပြည်သူ(၃)ဦးရဲ့ လှူဒါန်းမှုနဲ့ ထိုက်တန်အောင် ကြိုးစားတိုက်ခိုက်တော်လှန်သွားမယ်လို့ ကတိပြုကြောင်း ABN PDF ကလူမှုကွန်ယက်မှာပြောဆိုထားပါတယ်။

ABN PDF အဖွဲ့ဟာ စကစကိုအထိနာအောင် မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။ ABN PDFအဖွဲ့ဟာ ဇူလိုင်လ(၂၅)ရက်နေ့တုန်းက အရာတော်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စကစယာဉ်တန်းကို မဟာမိတ်တွေနဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ စကစက ဒေသခံကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေလျှက်ရှိပြီး ဒေသခံပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ပြည်သူတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်တာတွေကိုလည်းလုပ်ဆောင်လျှက်ရှိပါတယ်။
