သြဂုတ် ၂၂၊ The Nation Voice
မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေပူးပေါင်းစစ်ဆင်ရေးအနေနဲ့ သောကြာနေ့က အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းကမိုရေးမြို့မှာ ဖောက်ခွဲရေးပစ္စည်းတွေပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
သတင်းအတိအကျပေးတာကြောင့် မဏိပူရ်ရဲတပ်ဖွဲ့နဲ့အာသံရိုင်ဖယ်တပ်မကတပ်ဖွဲ့ဝင်တွေဟာ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ပြီး မိုရေးမြို့က ကာနန်ဗန်းမှာ မြန်မာနိုင်ငံသားကို ဖမ်းဆီးခဲ့တာပါ။ သတင်းတွေအရတော့ သိမ်းဆည်းရမိတဲ့လက်နက်တွေထဲမှာ ၉ မမပစ္စတို (၂)လက်၊ ကျည်(၄၁)တောင့်၊ ဖုန်း(၄)လုံးနဲ့ ပစ္စည်းအပြည့်အစုံနဲ့ကြိုးမဲ့ရေဒီယို(၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဖမ်းဆီးရမိသူနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို မိုရေးရဲစခန်းကိုလွှဲပြောင်းပေးပြီး နောက်ထပ်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ အရာရှိတစ်ဦးကပြောပါတယ်။
