သြဂုတ် ၂၂၊ The Nation Voice

မကွေးတိုင်းထဲက PDF ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ တပ်ခွဲ (၁၂)ရဲ့အခြေစိုက်စခန်းတစ်ခုကို ဒီကနေ့ သြဂုတ် (၂၂) ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့စီးနင်းခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ထုတ်ပြန်ပါတယ်။
” သြဂုတ် (၂၂) ရက်၊ မနက် (၁၀) နာရီ အချိန်တွင် PDF Gangaw တပ်ခွဲ (၁၂) စခန်းနဲ့ စခန်းရှိ ရိက္ခာများအား မီးရှို့ဖျက်ဆီးခဲ့သည် ” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီကနေ့မနက် (၇) နာရီခွဲလောက်က ဂန့်ဂေါလောင်ထောင်တံတားထိပ်မှာ စစ်ကောင်စီတပ်အင်အား (၅၀)လောက်ချထားပြီး ပျားရွာနဲ့ အောင်မြင်ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းက လက်နက်ကြီးအပါအဝင် စစ်လတ်တွေနဲ့ပစ်ခတ်တာကြောင့် လူနေအိမ်တွေ ကျည်ထိမှန်ပြီး ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ခွဲ (၁၂)စခန်းနဲ့ တပ်ရိက္ခာတွေ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။


