ကန့်ဘလူတိုက်ပွဲမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များတယ်လို့ ကန်ဘလူ ခရိုင် တပ်ရင်း(၂) အသိပေး

ဩဂုတ် ၂၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။ ကန့်ဘလူမြို့နယ်၊လက်ခုပ်ပင်နဲ့အောင်ချမ်းသာကျေးရွာအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း – ၂က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က(၄၀)ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်တွေသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၂)က အသိပေးထားပြီး လက်နက်အရေအတွက်ကို ထပ်မံ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ကူတွေရောက်ရှိလာလို့ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ကန့်ဘလူခရိုင် တပ်ရင်း(၂) ရဲဘော်တွေ ကျဆုံးမှုမရှိဘဲ (၂)ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *