ဖရဲသီးနဲ့ ပြည်သူတွေ ပူးပေါင်းမှုကြောင့် CIDရဲမှူး စိုးကိုကို ကိုရှင်းလင်းနိုင်ခဲ့

သြဂုတ် ၂၃၊ The Nation Voice

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်၊ လမ်း ၃၀၊ ၅၆ x ၅၇ လမ်းကြားမှာ ဒီနေ့ မနက်က CID ရဲမှူးစိုးကိုကို ပစ်ခတ်ခံရပြီး နေရာမှာတင် ‌သေဆုံးသွားပြီလို့ Myanmar Police CDM Channel-MPCC ထံက သိရပါတယ်။ အဲဒီရဲမှူးဆိုသူဟာ စီစီတီဗီ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီးတော့ မန္တလေးပြောက်ကျားတွေ ဖမ်းဆီးရမိနေတာဟာ သူ့ရဲ့စနက်ကြောင့်ဖြစ်ပြီး ရာထူးတိုးပေးခံထားရတာကြောင့် CID ရဲမှူး အဖြစ် တာဝန်ထမ်းနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

” စိုးကိုကိုအား ရှင်းလင်းရင်း သူနဲ့အတူပါလာသော သူ့မိန်းမလည်း ဗိုက်တစ်ချက်ထိသွားတယ်၊ အသက်ရှင်ဖို့တော့မျှော်လင့်ပါတယ် ” လို့ UG တစ်ဦးက သတင်းပေးပို့ထားပါတယ်။ ၎င်းကိုရှင်းလင်းနိုင်ခဲ့တာဟာ ဖရဲသီးရဲ့သတင်းပေးပို့မှုနဲ့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကြောင့် ယခုလို စစ်ကောင်စီထိပ်တန်းခေါင်းဆောင်ကို ရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီး ထပ်မံ၍ ပူးပေါင်းပါဝင်ကြဖို့တောင်းဆိုပါတယ်လို့ မြေအောက် ပြောက်ကျား ရဲဘော်တစ်ဦးကလည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် မန္တလေးမှာရှိတဲ့ ပြောက်ကျားရဲဘော်တွေ ဆက်တိုက်အဖမ်းခံနေရပြီး ပြည်သူ့အကူအညီနဲ့ ရဲမှူးတွေနဲ့ ဗိုလ်ကြီးတွေကို ပြန်လည်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီထောက်တိုင်လုပ်နေတဲ့ သတင်းပေးဒလန်တွေ၊ အုပ်ကြီးတွေ၊ စစ်သား၊ ရဲတွေကို အလှည့်ကျစနစ်နဲ့ ငရဲကိုပို့ဦးမယ်လို့ မန္တလေးပြောက်ကျားတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *