မန္တလေးမှာ ပစ်ခတ်ခံရတာ CID ရဲမှူး မဟုတ်ဘဲ သာမန်ပြည်သူများသာဖြစ်နေ

သြဂုတ် ၂၃၊ The Nation Voice

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရတဲ့ လင်မယားဟာ CID ရဲမှူးမဟုတ်ဘဲ သာမန်ပြည်သူတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ သမီးဖြစ်သူကို ကျောင်းပို့ပြီးအပြန် လမ်း ၃၀ နဲ့ ၅၇ လမ်းအနီးမှာ ရဲနဲ့မှားပြီး အပစ်ခံရလို့ လင်မယားနှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အဝတ်အထည်ရောင်းတဲ့ ဦးစည်သူကိုကိုနဲ့ ဟိုတယ်ဝန်ထမ်း ဒေါ်နှင်းဝေဝေလှိုင်တို့ ဖြစ်ကြပြီး သူတို့မှာ သမီးလေးတစ်ယောက် ကျန်ရစ်တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ စစ်တပ်က ပြောင်းလာတဲ့ CCTV ကျွမ်းကျင် CDI ရဲမှူး စိုးကိုကို ကို ရှင်းလင်းပစ်ခတ်တာဖြစ်တယ်လို့ မန္တလေးတော်လှန်ရေးအဖွဲ့အချို့က ကနဦး ထုတ်ပြန်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *