သြဂုတ် ၂၃၊ The Nation Voice
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာကိုရောက်ရှိပြီး ခရီးစဉ်ဟာ (၄)ရက်ကြာမှာပါ။ သူဟာ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး၊ သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်တို့နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုင်ပင်ဆွေးနွေးဖို့နဲ့ ရိုဟင်ဂျာတွေခိုလှုံနေတဲ့ကော့က်စ်ဘဇားကဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ခရီးစဉ်မတိုင်မီမှာ နိုလင်းကပြောပါတယ်။ မိမိစိတ်သဘောအရ၊ ဘေးကင်းလုံခြုံရှိပြီး ဂုဏ်ရှိရှိနဲ့နေရပ်ပြန်နိုင်အောင် အဆင်ပြေတဲ့အခြေအနေတွေဖန်တီးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့လည်း သူက မီးမောင်းထိုးပြပါတယ်။ သူတို့ရဲ့အခွင့်အရေးနဲ့ကောင်းကျိုးသုခတွေဟာ မြန်မာနိုင်ငံငြိမ်းချမ်းဝပြောမယ့်အနာဂတ်နဲ့ ခွဲထုတ်မရဘူးလို့လည်း နိုလင်းက ဖြည့်စွက်ပြောဆိုပါတယ်။#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ကုလသမဂ္ဂ #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ
