သြဂုတ် ၂၃၊ The Nation Voice
ရုရှားသမ္မတ ဗလာဒီမျာ ပူတင်နဲ့ နီးစပ်တဲ့အကြံပေးရဲ့သမီးဖြစ်သူကို ယူကရိန်းအထူးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ကားဗုံးခွဲပြီး လုပ်ကြံခဲ့တယ်လို့ ရုရှားဘက်ကစွပ်စွဲလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိနေတဲ့ ဒါယာ ဒူဂျီနာဟာ စနေနေ့က ရုရှားမြို့တော်မော်စကိုနားမှာ ကားမောင်းနေတုန်း ကားပေါက်ကွဲပြီးသေဆုံးခဲ့ပါတယ်။ သူ့ရဲ့နာမည်ကြီးအမျိုးသားရေးအစွန်းရောက်ဖခင် အလက်ဇန်းဒါး ဒူဂျင်ဟာ အခုတိုက်ခိုက်မှုအတွက် ပစ်မှတ်အဖြစ် ရည်ရွယ်ခဲ့တယ်လို့ ရုရှားဘက်ကပြောပါတယ်။
ပေါက်ကွဲမှုမှာပါဝင်တယ်ဆိုတာကို ယူကရိန်းအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အမှုဖြေရှင်းနိုင်ခဲ့ပြီး ယူကရိန်းမှာ တိုက်ရိုက်တာဝန်ရှိနေတယ်လို့ တနင်္လာနေ့မှာ ရုရှားအစိုးရလုံခြုံရေးအေဂျင်စီ(FSB)ကပြောပါတယ်။ FSB ရဲ့အဆိုဟာ စုံထောက်ဝတ္ထုတွေထဲက ရုရှားရဲ့ဝါဒဖြန့်ချိမှုလို့ ယူကရိန်းသမ္မတအကြံပေး မီခိုင်လို ပိုဒေါ်ယက်က ပြောပါတယ်။
