လေယာဥ်နဲ့ဆင်းလာတဲ့ စစ်ကြောင်းကို လက်ဦးမှုရယူတိုက်ခိုက်

သြဂုတ် ၂၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ် အစပ်ကို စစ်ကောင်စီက လေယာဉ်(၄)စီး (၂)ခေါက်လာပြီး အင်အား(၁၀၀)ကျော်ချကာ စစ်ကြောင်းထိုးလျှက်ရှိတယ်လို့ PRA တပ်မတော် က ဗိုလ်ဂျပန်က ပြောပါတယ်။

PRA တပ်မတော်က သြဂုတ်လ (၂၁) ရက်နေ့မှာ လေယာဥ်ပေါ်က ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လက်ဦးမှူယူကာ ချောင်းမြောင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား တစ်ဦးသေပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို PRA တပ်မတော် က ရဲဘော် တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် ပုလဲမြို့ နဲ့ မြိုင်မြို့ နယ်အစပ်တွေက ကျေးရွာ (၈)ကျော်က စစ်ရှောင်(၄,၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး PRA တပ်မတော်က ဆေးနဲ့ စားစရာတွေ တတ်နိုင်သလောက် ကူညီပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *