အင်းတော်- ကျောင်းကုန်းလမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က (၆)ဦးသေ၊ KIA/PDF ပူးပေါင်းတပ်က (၄)ဦးကျဆုံး

ဩဂုတ် ၂၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် အင်းတော်- ကျောင်းကုန်းလမ်းမှာ တိုက်ပွဲ (၂)ကြိမ်ဖြစ်ခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့ ရဲဘော် (၄)ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း (၆)ဦးသေဆုံးခဲ့တယ်လို့ Indaw Revolution က ဖော်ပြပါတယ်။

ဩဂုတ် ၂၀ရက်က ထီးချိုင့်မြို့နယ်ဘက်ကနေ တက်လာတဲ့အင်အား (၅၀)ကျော်ပါ စစ်ကောင်စီတပ်ကို KIA/PDF/ပကဖ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က (၆)ဦးသေဆုံးခဲ့ပြီး KIA ရဲဘော် (၁)ဦး၊ PDF ရဲဘော် (၁)ဦးနဲ့ ပကဖ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် အင်းတော်-မော်လူလမ်းကို လည်း ဒီမနက်က စပြီး ပိတ်ပင်ထားကြောင်း အသိပေးထားပါတယ်။

အင်းတော်-မော်လူးကားလမ်းကို ဒီကနေ့ ဩဂုတ် ၂၃ရက်နံနက် ၉နာရီက စပြီး အကန့်အသတ်မရှိ ယာယီပိတ်ထား မှာ ဖြစ်လို့ ကား၊ ဆိုင်ကယ်၊ သုံးဘီ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ တောင်းဆိုကြောင်း Indaw Revolutoin က ဖော်ပြပြီး အချင်းချင်း ဆက်သွယ် သတိပေးကြဖို့ တိုက်တွန်းထားပါတယ်။ လမ်းဖွင့်တဲ့အခါ ပြန်အကြောင်းကြားပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *