EAOs တွေ လက်နက်ဆက်ကိုင်ချင်ရင် စစ်တပ် လက်အောက်ခံအဖြစ် နေရမယ်လို့ မင်းအောင်လှိုင်ပြော

သြဂုတ် ၂၃၊ The Nation Voice

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA အပြီးမှာ ဆက်လက် လက်နက်ကိုင်လိုပါက စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်(BFG)တွေမှာ တာဝန်ထမ်းဆောင်ခွင့်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မနေ့ဩဂုတ်လ (၂၂)ရက်က နေပြည်တော်မှာ သူ့ရဲ့လက်အောက်ခံဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထုတ်ဖေါ်ပြောဆိုရင်း ထည့်သွင်းပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ချင်ရင်လည်း ဥပဒေနဲ့ညီညွတ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး လက်နက်ဆက်ကိုင်ချင်ရင်လည်း စစ်တပ်ထဲကိုဝင်ပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေမှာ တာဝန်ထမ်းဆောင်ခွင့်ပေးမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ အရင်က NCA ကိုလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့က အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အဖွဲ့ (၈) ဖွဲ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်မှုကို လက်မခံနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေပေါ်ထွက်လာပြီးတဲ့နောက်မှာ ပြန်လည်ပြုလုပ်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယခင်က လက်မှတ်ရေးထိုးခဲ့တဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ကြတော့ပါဘူး။

လက်ရှိအာဏာသိမ်းခေါင်းဆောင်နဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း တိုက်ပွဲမဖြစ်ဘဲ ငြိမ်းချမ်းနေတဲ့နေရာတွေက လက်နက်ကိုင်အဖွဲ့တွေပဲ တက်ရောက်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *