ဩဂုတ် ၂၃၊The Nation Voice
စစ်ကိုင်းတိုင်း အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Tiger King ပြောက်ကျားတပ်ဖွဲ့ဟာ ဒီကနေ့ဩဂုတ်(၂၃)ရက်နေ့မှာ “ဘယ်(/)ဇောင်းထိထိ ငါတို့နဲ့ ငြိတာပဲ” ဆိုတဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ @The PDF Game ကို ဆော့ကစားပြီး တော်လှန်ရေးမှာ ထောက်ပို့တပ်သားတစ်ဦးအနေနဲ့ပါဝင်နိုင်ပြီး တော်လှန်ရေးထောက်ပို့ APP တွေကို နေ့စဉ်မပြတ်အသုံးပြုပြီး တော်လှန်ရေးမှာ ဒီထက်မကပါဝင်ကြဖို့ကိုလည်း အသိပေး တိုက်တွန်းနှိုးဆော်ထားပါသေးတယ်။











