သြဂုတ် ၂၄၊ The Nation Voice
ရူဆိုမြို့မှာ ဗုဒ္ဓဟူးနေ့က ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းအထူးတပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ရူဆိုမြို့၊ မူးရွာ(၂)က ဆင်းရဲတဲ့အမျိုးသမီးတစ်ယောက်အတွက် အိမ်ဆောက်ပေးနေတဲ့ အမှတ် (၄၆) အထူးတပ်ဖွဲ့က အင်ဂျင်နီယာအဖွဲ့မှာပါတဲ့တပ်ဖွဲ့ဝင် (၂) ဦးဖြစ်တယ်လို့လည်း ရဲတွေက ပြောပါတယ်။
နေ့လည် ၁၁ နာရီကျော်မှာ အမျိုးသား (၂)ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး အထူးတပ်ဖွဲ့ဝင်တွေကို ပိုက်ဗုံးနဲ့ပစ်သွားတယ်လို့လည်း အသိပေးပါတယ်။ အထူးတပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာရခဲ့ပြီး သူတို့ကို ရူဆိုဆေးရုံပို့ပေးထားတယ်လို့လည်း ပြောပြပါတယ်။

Source – Bangkok Post Photo – Bangkok Post