ဩဂုတ် ၂၄၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာ- ယာကြီး-ကလေးဝလမ်းက မိုင်တိုင်(၃၁)အနီး အင်တောရွာမှာရောက်ရှိနေတဲ့ စကစတပ်သားတွေကို မနေ့ကဒေသခံပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ Golden Triangle Force ကထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စကစဘက်က(၂၀)ဦးခန့်သေဆုံးခဲ့ပြီး ဒေသခံပူးပေါင်းတပ်တွေဘက်ကရဲဘော်(၂)ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

စကစတပ်တွေဟာ အင်းတောရွာကဒေသခံပြည်သူပိုင်နေအိမ်(၅)လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ ရွှေတြိဂံတပ်ရင်း(GTF) နဲ့အတူ B21/DGF/နဂါးညီနောင် ၊ CGYDF/ KLG ၊အမိမြေတော်လှန်ရေးအဖွဲ့၊ မြောက် ယမားတပ်ရင်း၊ ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုနှင့် အခြားညီနောင်မဟာမိတ်တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
