မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ကော့က်စ်ဘဇားက ရိုဟင်ဂျာစခန်းတွေကိုသွားရောက်

သြဂုတ် ၂၄၊ The Nation Voice

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်း ဟေဇာ ဟာ အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ယီခီယာကုတုပလောင်စခန်းကို အဖွဲ့ဝင် (၄)ဦးပါတဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ဟေဇာရောက်ရှိခဲ့ပြီး ဒုက္ခသည်မှတ်ပုံတင်ရေးစခန်းကို သွားရောက်ခဲ့ပါတယ်။ စခန်းတွေကိုသွားရောက်စဉ် UNHCR,WFP နဲ့ IOM တို့ရဲ့လက်ရှိလုပ်ငန်းတွေကို ဟေဇာလေ့လာခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးတွေ၊လူငယ်ကိုယ်စားလှယ်တွေ၊ဘာသာရေးကိုယ်စားလှယ်တွေနဲ့ အမြင်ချင်းဖလှယ်ခဲ့တယ်လို့ ကော့က်ဘဇားဒုက္ခသည်ကယ်ဆယ်ရေးနှင့်နေရပ်ပြန်ရေးကော်မရှင်ရုံးဒုတိယမဟာမင်းကြီး ရှမ်ဆွတ် ဒိုဇာနာယန်းက သတင်းထောက်တွေကိုပြောပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ဟေဇာဟာ ဒုက္ခသည်ကယ်ဆယ်ရေးနှင့်နေရပ်ပြန်ရေးမဟာမင်းကြီး ရှားရက်ဇ်ဝမ် ဟာယက်အပါအဝင် ဒုက္ခသည်စီမံခန့်ခွဲရေးတာဝန်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရထိပ်တန်းအရာရှိကြီးတွေနဲ့ အစည်းအဝေးပြုလုပ်မှာပါ။ အစောပိုင်းက ကော့က်စ်ဘဇားကရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလာရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ချဲလ် ဘက်ချလက်က ကုလသမဂ္ဂဟာ ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးကို ဦးစားပေးသွားမှာဖြစ်ပြီး စိတ်ဆန္ဒပါမှနေရပ်ပြန်ခိုင်းမယ်လို့ သူကပြောပါတယ်။

မကြာသေးခင်က နိုင်ငံမဲ့လူနည်းစုကို သူတို့ဘေးကင်းလုံခြုံမှုပြန်လည်စိုးရိမ်စေခဲ့တဲ့လူသတ်မှုတွေကြောင့် ကော့က်စ်ဘဇားမှာခိုလှုံနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲကို သူတို့ကိုကာကွယ်ဖို့ အသနားခံခဲ့ပါတယ်။ သြဂုတ် ၈ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကလည်း ရိုဟင်ဂျာဒုက္ခသည်ထောင်ချီမြန်မာနိုင်ငံကိုနေရပ်ပြန်ရာမှာ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထောက်ခံမယ်လို့ ပြောပါတယ်။

Source – Dhaka Tribune Photo – Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *