သြဂုတ် ၂၄၊ The Nation Voice
မကွေးတိုင်း၊ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF က တပ်ရင်းစိစစ်မှုအတွက် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြထားတဲ့အပေါ် စိစစ်မှုကို အမြန်လုပ်ဆောင်ပေးစေလိုတယ်လို့ ဒီကနေ့ သြဂုတ် (၂၄) ရက် ရက်စွဲနဲ့ ကြေညက်ချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
MVRF ဟာ ထောက်ပို့ပြည်သူများ လှူဒါန်းထောက်ပံ့ငွေတွေနဲ့ ပစ္စည်းတွေ အလေအလွင့်လုံးဝ(လုံးဝ)မရှိရအောင် တောင်လှန်ရေးလုပ်ငန်းစဉ်များကို ထုတ်လုပ်ရေးဌာန၊ တိုက်ခိုက်ရေးဌာန၊ ဆေးဌာန၊ ရုံးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဌာန စတဲ့ ဌာနကြီး (၅)ခုနဲ့ စနစ်တကျ လည်ပတ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် တော်လှန်ရေးလုပ်ငန်းတွေကို အခြားမဟာ မိတ်တွေနဲ့ပူးပေါင်းပြီး အခုထက်ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်ဖို့ မြိုင်(ပကဖ)ကနေတဆင့် NUG အ စိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ တပ်ရင်းအဖြစ်သိမှတ်လက်ခံစိစစ်ပေးဖို့ လွန်ခဲ့တဲ့ (၁၀)ရက်လောက်က တင်ပြခဲ့တယ်လို့ MRVF က ပြောပါတယ်။
” မိမိတို့ MVRF တပ်ရင်းအနေဖြင့် မြေပြင်တော်လှန် ရေး လုပ်ငန်းစဉ်များ အလုပ်လုပ်ရာတွင် တော်လှန်ရေးအချိန်ကာလကြာမြင့် လာသည်နှင့်အမျှ လက်နက်ခဲယမ်း အခက်အခဲ၊ စားနပ်ရိက္ခာအခက်အခဲ၊ ဘဏ္ဏာငွေ အခက် အခဲ စတဲ့အခက်တွေ ကြုံတွေ့လာနေရပါသည် ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ MVRF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ လုပ်ကိုင်ရာမှာ အခက်အခဲများရှိနေတာကို နားလည်ပေမယ့် တပ်ရင်းစိစစ်ခြင်းလုပ်ငန်းစဉ်ကို အလျင်အမြန်အကောင်အထည် ဖော်ဆောင်ရွက်ပေးစေလိုပြီး မြို့နယ်အလိုက်၊ ခရိုင်အလိုက် တော်လှန်ရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
