ဝန်ကြီးချုပ်ကို ရာထူးကရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအမိန့်ထုတ်

သြဂုတ် ၂၄၊ The Nation Voice

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ကရပ်ဆိုင်းဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဗုဒ္ဓဟူးနေ့မှာ အမိန့်ချလိုက်ပါတယ်။ တရားသူကြီးတွေမဲခွဲဆုံးဖြတ်ခဲ့ကြပြီး (၅) မဲ(၄)မဲနဲ့ တာဝန်ကရပ်ဆိုင်းလိုက်တာပါ။ဝန်ကြီးချုပ်အဖြစ် (၈)နှစ်တာဝန်ထမ်းဆောင်မှုကို ဆုံးဖြတ်ချက်ချဖို့ စာတင်တောင်းဆိုတာကို တရားရုံးက လက်ခံဆုံးဖြတ်ဖို့ သဘောတူခဲ့ပြီးနောက် တရားရုံးက အမိန့်ချတာလည်းဖြစ်ပါတယ်။

တနင်္လာနေ့မှာ စာတင်တောင်းဆိုတာကို ထိုင်းလွှတ်တော်က တရားရုံးကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဟာ သက်တမ်း(၂)ဆက်သာတာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ ၂၀၁၄ ခုနှစ်၊ ထိုင်းအာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ပရာရွတ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ ဝန်ကြီးချုပ်အဖြစ်(၄)နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်သားအစိုးရအဖြစ်အသွင်ပြောင်းရာမှာလည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တာ အခုလကုန်ပိုင်းမှာ နောက်ထပ်သက်တမ်းတစ်ဆက်ပြည့်တော့မှာပါ။ဒါ့ကြောင့် ပရာရွတ်ကို တာဝန်ကနေရပ်စဲဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။

ဒါပေမဲ့ ပရာရွတ်ဟာ လက်ရှိထိုင်းအရပ်သားအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ်သာမက ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့အတွက် ဝန်ကြီးချုပ်တာဝန်ကနေရပ်စဲရရင်တောင် ကာကွယ်ရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့အစည်းအဝေးတွေတက်ရောက်နိုင်သေးတယ်လို့ ထိုင်းအစိုးရဘက်က တုံ့ပြန်ထားပါတယ်။

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *