ဩဂုတ် ၂၄၊ The Nation Voice
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် နဘားကျေးရွာထဲက နဘားလမ်းဆုံဘက်ကို လက်နက်တွေရမ်းသမ်းပစ်ခတ်ပြီးတက်လာတဲ့ အင်အား(၇၀)ပါစကစစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေမနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က(၂)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ကမနက်(၈)နာရီလောက်မှာ စကစစစ်ကြောင်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ KIA,PDF ကျောင်းသားတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“အတိကျမသိရသေးဘူးဗျ အထိအခိုက် အသေဆုံးကတော့ရှိပါတယ် ခရီးသွား ပြည်သူတစ်ဦးပြောတာတော့ လမ်းမှာ စခနှစ်ကောင်သေနေတာလည်း တွေ့တယ်တဲ့ဗျ”လို့ Indaw Revolution-IR ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ဒေသခံပူးပေါင်းတပ်တွေဘက်ကအထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် အပြီးမှာစကစတပ်တွေဟာ နဘားလမ်းဆုံအနီးက ဆိုင်၊နေအိမ်တွေက ရွှေ၊ငွေ၊ဖုန်းတွေနဲ့တခြားတန်ဖိုးရှိ ပစ္စည်းတွေကို မွှေနှောက်ရှာဖွေယူဆောင်သွားတယ်လို့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်စဉ်အပြီး မနေ့ကမနက်(၁၁) နာရီလောက်မှာ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာကို စကစ ကလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ပိန္နဲကုန်းကျေးရွာက အသက်(၄၀)အရွယ်ရှိပြည်သူတစ်ဦးဟာ ဦးခေါင်းလက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပါတယ်။ #thenationvoicemyanmar #KIA #PDF #IR #နဘား #အင်းတော် #စစ်ကိုင်း
