YDF-PMRအဖွဲ့မှထုတ်လုပ်ထားသော ရော့ကတ်ဒုံးတွေကိုထပ်မံထုတ်ဖော်ပြသ၊တခြားဒေသခံ(ပကဖ) တွေကိုပါ နည်းပညာတွေဖြန့်ဝေပေးနေ

ဩဂုတ် ၂၄၊ The Nation Voice

မကွေးတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Yaw Defense Force – Patriot Mobile Rangers အဖွဲ့က သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေကို ဒီကနေ့မှာထပ်မံ ထုတ်ဖော်ပြသလာပါတယ်။

ဖော်ပြလာတဲ့လက်နက်တွေထဲမှာတော့ နောက်ပွင့်ပခုံးထမ်းလောင်ချာ Patriot နဲ့ပင်စည်ပေါ်တင်ပစ်ရတဲ့ P1 ရော့ကတ်ဒုံးအပါအဝင် Amazing P2(AP2)တို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုလက်နက်တွေထုတ်လုပ်ရာမှာလည်း YDF-PRM အဖွဲ့အနေနဲ့အခက်အခဲမျိုးစုံရှိနေတယ်လို့ သိရပါတယ်။ “အခက်အခဲဆိုတာ အပိုင်းပိုင်းတွေကို အများကြီးရှိတယ်။တော်တော်ဖြတ်ကျော်လာခဲ့ရပါတယ်ခင်ဗျ”လို့ YDF-PRM ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။

YDF-PRM အဖွဲ့အနေနဲ့ တခြားသောဒေသခံ(ပကဖ) တွေကို နည်းပညာပိုင်းဆိုင်ရာဖြန့်ဝေပေးတာမျိုးတွေကိုလည်း လုပ်ဆောင်လျှက်ရှိနေပါတယ်။ “YDF တပ်ရင်းတိုင်းကို ဖြန့်ဝေဖို့ အတွက်ထုတ်လုပ်ရေးမှာ ဘတ်ဂျက်ငွေ အလုံအလောက်မရှိသေးတာတော့ အဓိကပေါ့ဗျာအဲ့တာကြောင့် mission ရှိရင် တစ်နိုင်တစ်ပိုင်ထုတ်ထားတာ လေးတွေနဲ့ထုတ်လုပ်ရေးက တပ်သားတွေ ကိုယ်တိုင် စစ်ကူ ပစ်ပေးရတာတွေ ရှိပါတယ်”လို့ သူက The Nation Voice ကို ပြောထားပါသေးတယ်။

YDF-PRM အဖွဲ့ဟာ မကွေးတိုင်းထဲက ယောဒေသကာကွယ်ရေးတပ်တွေကို အဓိကလက်နက်ထုတ်လုပ်ပေးနေတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ “စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ အမြဲတစေကြိုးစားနေပါတယ် ပြည်သူကိုလည်း အမြဲမျက်နှာမူ ထားပါတယ်ခင်ဗျာ ကျွန်တော်တို့ဟာ ယောနယ်တစ်ခု တည်းအတွက်လုပ်နေတာမဟုတ်ပဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကိုယ်စားပြုပါတယ် “လို့လည်း သူကပြောဆိုထားပါသေးတယ်။ YDF-PMR အဖွဲ့ဟာ ဩဂုတ်လ(၁၁)ရက်နေ့တုန်းကလည်း 12 gate 4.8mm တစ်တောင့်ခြင်းပစ်ခါးချိုးသေနတ်ကို ပိုင်ပိုင်နိုင်နိုင်ထုတ်နိုင်ခဲ့တဲ့အပြင် တခြားလက်လုပ်လက်နက်ကြီးတွေကိုလည်း ထုတ်လုပ်အောင်မြင်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *